တာချီလိတ်မှ ကျိုင်းတုံသွားသည့် ဆီဘောက်ဆာယာဉ် လမ်းတွင်တိမ်းမှောက်

တာချီလိတ်မှ ကျိုင်းတုံသွားသည့် ဆီဘောက်ဆာယာဉ် လမ်းတွင်တိမ်းမှောက်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင်လာသော ဆီဘောက်ဆာယာဉ်တစ်စီး ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၁၆)ရက်နေ့ နံနက်ပိုင်းက တိမ်းမှောက်ကြောင်း သိရသည်။

တာချီလိတ်မှ ကျိုင်းတုံသို့ထွက်လာသည့် Cheng Long အမျိုးအစား (၂၂)ဘီး ဆီဘောက်ဆာယာဉ်သည် ကျိုင်းတုံမြို့နယ် ပန်တောင်းရွာအနီး မိုင်တိုင်အမှတ် (၃၁/၄)နှင့် (၃၁/၅)အကြားတွင် တိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆီဘောက်ဆာယာဥ်သည် လမ်းချော်၍ လမ်း၏ညာဘက်ခြမ်းသို့ တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ကျိုင်းတုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် မီးလောင်မှုမဖြစ်စေရန် လုပ်ဆောင်ခဲ့ရသည်ဟု သိရသည်။

#TachileikNewsAgency