လာအိုနိုင်ငံမှ မြန်မာလုပ်သားများ ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် (၈)ရက်အတွင်း တာချီလိတ်သို့ (၁၆၂၆)ဦး ပြန်ရောက်

လာအိုနိုင်ငံမှ မြန်မာလုပ်သားများ ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် (၈)ရက်အတွင်း တာချီလိတ်သို့ (၁၆၂၆)ဦး ပြန်ရောက်
ဖေဖော်ဝါရီ 4, 2020
By Tachileik News Agency

လာအိုနိုင်ငံမှ မြန်မာလုပ်သားများ ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် (၈)ရက်အတွင်း တာချီလိတ်သို့ (၁,၆၂၆)ဦး ပြန်ရောက်

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် စတင်ဖြစ်ပွားပြီး နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေသည့် ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် လာအိုနိုင်ငံ ဘိုဘီယိုပြည်နယ်အတွင်း အလုပ် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများမှာ မြန်မာနိုင်ငံ တာချီလိတ်သို့ ဝမ်ပုံဆိပ်ကမ်းမှ တဆင့် ဝင်ရောက်လာကြရာတွင် ဖေဖော်ဝါရီလ(၄)ရက်နေ့အထိ (၈)ရက်တာ ကာလအတွင်း (၁,၆၂၆)ဦး ရှိပြီး ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းမှ တဆင့် တာချီလိတ်သို့ ဝမ်ပုံဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက်လာသည့်  မြန်မာလုပ်သားများအား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် စစ်ဘက်ဆိုင်ရာ ဆေးမှူးများ၊ ဝမ်ပုံတိုက်နယ်ဆေးရုံမှ တာဝန်ရှိသူများ၊ လဝက နှင့် မိုင်းဖုန်း(က)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ကိုယ်အပူချိန်တိုင်းတာစစ်ဆေးမှုများ ပြုလုပ်ပြီး စာရင်းကောက်ယူခဲ့ကြသည်။

လာအိုနိုင်ငံဘက်မှ တာချီလိတ်ရှိ ဝမ်ပုံဆိပ်ကမ်းသို့  ပြန်ရောက်လာသည့်  မြန်မာလုပ်သားများမှာ ၂၀၂၀ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့က မြန်မာနိုင်ငံသား အမျိုးသား(၅၅)ဦးနှင့် အမျိုးသမီး (၂၉)ဦး၊  ဇန်နဝါရီလ (၂၉)ရက်နေ့က မြန်မာနိုင်ငံသား အမျိုးသား (၃၅၇)ဦး၊ အမျိုးသမီး (၂၄၄)ဦး၊ လာအိုနိုင်ငံသား အမျိုးသား (၂)ဦး နှင့် ဇန်နဝါရီလ(၃၀)ရက်နေ့က အမျိုးသား(၂၆၆)ဦး နှင့် အမျိုးသမီး (၁၄၁)ဦး၊ ဇန်နဝါရီလ(၃၁)ရက်နေ့တွင် အမျိုးသား (၉၇)ဦး နှင့် အမျိုးသမီး (၅၁)ဦး ဝင်ရောက်လာကြသည်။

ဆက်လက်၍ ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် အမျိုးသား(၆၅)ဦး နှင့် အမျိုးသမီး (၁၀၂)ဦး၊ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် အမျိုးသား(၅၅)ဦး နှင့် အမျိုးသမီး (၄၂)ဦး၊ ဖေဖော်ဝါရီလ(၃)ရက်နေ့တွင် (၄၂)ဦး နှင့် အမျိုးသမီး (၃၃)ဦး၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် အမျိုးသား (၇၈)ဦး နှင့် အမျိုးသမီး (၃၂)ဦး ဝင်ရောက်လာကြပြီး ဇန်နဝါရီလ(၂၈)ရက်နေ့မှ ဖေဖော်ဝါရီလ(၄)ရက်နေ့အထိ စုစုပေါင်း (၁,၆၂၆)ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံ၊ ဘိုကီယိုပြည်နယ်တွင် မြန်မာလုပ်သားများ အလုပ်လုပ် ကိုင်နေသည့် ကာစီနို၌ ဝူဟန်အဆုတ်ရောင်ရောဂါသံသယဖြစ်ဖွယ် တရုတ်အမျိုးသားနှစ်ဦးကို ဇန်နဝါရီလ (၂၆)ရက်နေ့ကတွေ့ရှိရာမှ ကာစီနိုဝန်းအတွင်း အဝင်အထွက် တင်းကြပ်စိစစ်ပြီး နေရပ်ပြန်လိုသည့် မြန်မာလုပ်သားများကို ပြန်ခွင့်ပေးနေခြင်းဖြစ်သည်။
Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~