စစ်ကိုင်းတိုင်း ဆားလင်းကြီမြို့မရဲစခန်းတွင် တာဝန်ကျနေသည့် နယ်ထိန်းတစ်ဦး မိသားစုနှင့်အတူ အလင်းဝင်လာကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း(၁၆)ထံမှ သိရသည်။
နယ်ထိန်း ဒုတပ်ကြပ်ရဲလင်းသည် G-3 တစ်လက်၊ ကျည်(၅)တောင့်နှင့်အတူ ၂၀၂၅ခုနှစ် ဧပြီလ (၉)ရက်နေ့ ညနေပိုင်းတွင် ယင်းမာပင်ခရိုင်၊ အမှတ်(၁၆)တပ်ရင်းထံ မိသားစုနှင့်အတူ အလင်းဝင်ရောက်လာခြင်းဖြစ်သည်။
လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာသည့် ဒုတပ်ကြပ်ရဲလင်းကို ယင်းမာပင်ခရိုင် တပ်ရင်း(၁၆)က ဂုဏ်ပြုဆုငွေ သိန်း(၈၀)ကျပ် ချီးမြှင့်သည်ဟု သိရသည်။
#TachileikNewsAgency