အပစ်ရပ်သည်ဟု ကြေညာထားသည့် စစ်ကောင်စီ တောင်ကုတ်မြို့ကိုဗုံးကြဲ၍ အရပ်သား ၃ ဦးဒဏ်ရာရ

အပစ်ရပ်သည်ဟု ကြေညာထားသည့် စစ်ကောင်စီ တောင်ကုတ်မြို့ကိုဗုံးကြဲ၍ အရပ်သား ၃ ဦးဒဏ်ရာရ

အပစ်ရပ်ကြောင်း ကြေညာထားသည့် စစ်ကောင်စီလေတပ်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့ကို ၂၀၂၅ခုနှစ် ဧပြီလ (၄)ရက်နေ့ နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား (၃)ဦး ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီသည် အပစ်ရပ်ကြေညာချက်ကို ချိုးဖောက်၍ AA ထိန်းချုပ်ထားသော တောင်ကုတ်မြိုနယ်ကို တိုက်လေယာဉ်ဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခြင်းကြောင့် စလူရွာနေ ဒေါ်ကြူကြူ(၃၆)နှစ်၊ ဒေါ်ပနေ(၄၀)နှစ်၊ မောင်စိုးနိုင်(၁၄)နှစ်တို့ ဒဏ်ရာရရှိသည်ဟု သိရသည်။ 

စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စလူရွာအတွင်းရှိ ဘုန်းကြီးကျောင်းအနီးသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည့် အရပ်သား (၃)ဦးမှာ အရေးပေါ်ဆေးကုသမှုခံ ယူနေရသည်ဟု သိရသည်။ 

ထို့အပြင် ခရစ်ယာန်ဘုရားကျောင်းတကျောင်းနှင့် လူအိမ်(၃)လုံးလည်း ပျက်စီးသွားသည်ဟု သိရသည်။

စစ်ကောင်စီသည် ငလျင်ဒဏ်ကြောင့် ဧပြီလ(၂)ရက်နေ့မှ (၂၂)ရက်နေ့အထိ တစ်နိုင်ငံလုံး အပစ်ရပ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သော်လည်း ကတိမတည်ချိုးဖောက်၍ တစ်နိုင်ငံလုံးကို ဗုံးကြဲတိုက်ခိုက်၍ ထိုးစစ်ဆင်နေသည်။

#TachileikNewsAgency