ငလျင်ကြောင့် သေဆုံးသူ (၂၀၉)ဦး တိုးလာ၍ စုစုပေါင်း(၃,၃၅၄)ဦးအထိ ရှိလာ

Photo: မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ
Photo: မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေသကြီး ကော်မတီ
ငလျင်ကြောင့် သေဆုံးသူ (၂၀၉)ဦး တိုးလာ၍ စုစုပေါင်း(၃,၃၅၄)ဦးအထိ ရှိလာ

 နိုင်ငံအတွင်း ငလျင်ဒဏ်ကြောင့် သေဆုံးသူမှာ ဧပြီလ(၄)ရက်နေ့တွင် နောက်ထပ် (၂၀၉)ဦး တိုးလာ၍ စုစုပေါင်း သေဆုံးသူ (၃၃၅၄)ဦးအထိ ရှိလာကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

  ငလျင်ဒဏ်ကြောင့် ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့မှ ဧပြီလ(၄)ရက်နေ့ ည(၆)နာရီအထိ စာရင်းအရ သေဆုံးသူမှာ  (၃,၃၅၄)ဦး နှင့် ထိခိုက်ဒဏ်ရာရရှိသူ (၄,၅၀၈)ဦးအပြင် ပျောက်ဆုံးနေသူ (၂၂၀)ဦးရှိကြောင်း စစ်ကောင်စီက နိုင်ငံပိုင်း သတင်းစာများကနေ သတင်းထုတ်ပြန်ထားသည်။

ဧပြီ(၃)ရက်နေ့ ည(၆)နာရီအထိ စာရင်းအရ သေဆုံးသူ (၃၁၄၅)ဦး၊ ဒဏ်ရာရရှိသူ (၄၅၈၉)ဦး နှင့် ပျောက်ဆုံးနေသူ (၂၂၁)ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။

ဧပြီလ(၃)ရက်နေ့ နှင့် (၄)ရက်နေ့အကြား သေဆုံးသူမှာ (၂၀၉)ဦးတိုးလာသည်ကို တွေ့ရပြီး ထပ်တိုးသေဆုံးသည့် အရေအတွက်တွင် ထိခိုက်ဒဏ်ရာရရှိသူထဲက (၈၁)ဦး ပါဝင်သည်ကို တွေ့ရသည်။

ဖော်ပြပါ စာရင်းသည် စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည့် စာရင်းသာဖြစ်ပြီး စစ်ကောင်စီအဖွဲ့ မရောက်နိုင်သည့် ဒေသများတွင်လည်း ငလျင်ကြောင့် ထိခိုက်သေဆုံးမှုရှိနေသည့်အတွက် မြေပြင်အခြေအနေနှင့် ကွဲလွဲမှုရှိနိုင်ကြောင်း သိရသည်။



#TachileikNewsAgency