ဖိလစ်ပိုင် စစ်တပ် ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့ မြန်မာကို ကူညီရန် စတင်ထွက်ခွာ

ဖိလစ်ပိုင် စစ်တပ် ပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့ မြန်မာကို ကူညီရန် စတင်ထွက်ခွာ

မြန်မာငလျင်ဘေး ကယ်ဆယ်ရေးအတွက် ဖိလစ်ပိုင် စစ်တပ်မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ကယ်ဆယ်ရေးအဖွဲ့သည် ၂၀၂၅ ခုနှစ် ဧပြီလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံသို့ စတင်ထွက်ခွာလာပြီဖြစ်ကြောင်း သိရသည်။

မြန်မာ့ငလျင်ဘေး ကူညီရေးအတွက် ဖိလစ်ပိုင်နိုင်ငံ၏ စစ်တပ်၊ ဖိလစ်ပိုင်လေတပ်၊ မီးဘေးကာကွယ်ရေးဗျူရို၊ မြို့တော်မနီလာ ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့နှင့် ပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်များ/ပုဂ္ဂလိကကဏ္ဍ (EDC နှင့် APEX သတ္တုတွင်းဌာန) ၊ ကျန်းမာရေးဌာနမှ ဖိလစ်ပိုင် ဆေးဘက်ဆိုင်ရာ အထောက်အကူအဖွဲ့၊ အရပ်ဘက်ကာကွယ်ရေးရုံးမှ ညှိနှိုင်းရေးမှူးများပါဝင်သည့် (၉၁)ဦးပါအဖွဲ့ကို ကယ်ဆယ်ရေးနှင့် ဆေးဘက်ဆိုင်ရာပစ္စည်းများဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။

ယနေ့နံနက်တွင် အဆိုပါ (၉၁)ဦးအနက်မှ (၅၈)ဦးပါအဖွဲ့ကို ဖိလစ်ပိုင်လေတပ်မှ C 130 လေယာဉ်နှစ်စီးဖြင့် ပို့ဆောင်ထားပြီး ကျန် (၃၃)ဦးကို ဧပြီလ (၂)ရက်နေ့တွင် ထပ်မံစေလွှတ်မည်ဟု သိရသည်။

အဆိုပါ ကယ်ဆယ်ရေးအဖွဲ့သည် မြန်မာနိုင်ငံတွင် ရက်သတ္တပတ် နှစ်ပတ်ကြာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Philippine Air Force