ပေါင်မြို့မရဲစခန်း လက်နက်ကြီးငယ်များဖြင့် ပစ်ခတ် ခံရ

ပေါင်မြို့မရဲစခန်း လက်နက်ကြီးငယ်များဖြင့် ပစ်ခတ် ခံရ
စက်တင်ဘာ 4, 2022 | အခြားဒေသများ

မွန်ပြည်နယ်၊ ပေါင်မြို့မရဲစခန်း  စက်တင်ဘာလ (၃)ရက်နေ့ ည(၆)ညနာရီကျော်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ပေါင်မြို့မရဲစခန်းနှင့် ကပ်လျက်ရှိ မြို့ နယ်အုပ်ချုပ်ရေးမှူးရုံးအနီးသို့ လက်နက်ကြီး(၁)လုံး ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။ 

ပေါင်မြို့မရဲစခန်းမှလည်း လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်မှုရှိခဲ့ကာ ရဲတချို့ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း သိရသည်။

အဆိုပါ ရဲစခန်းအား မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုမူ မသိရသေးပေ။