မန္တလေးတွင် အိန္ဒိယ ကယ်ဆယ်ရေးအဖွဲ့ ကူညီပေးနေ

မန္တလေးတွင် အိန္ဒိယ ကယ်ဆယ်ရေးအဖွဲ့ ကူညီပေးနေ

 မြန်မာနိုင်ငံသို့ ငလျင်ဘေး ကူညီကယ်ဆယ်ရေးအတွက် ရောက်ရှိနေကြသည့် အိန္ဒိယကယ်ဆယ်ရေးနှင့် ဆေးအဖွဲ့သည် မန္တလေးတွင် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေကြကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ငလျင်ကြောင့် အပျက်အစီးများအတွင်း ပိတ်မိနေသူများအား ရှာဖွေကယ်ဆယ်ရေး လုပ်နေကြပြီး နောက်ထပ် အကူအညီများကို ရန်ကုန်နှင့် မန္တလေးသို့ ဆက်လက်ပို့ဆောင်မည်ဟု ထုတ်ပြန်ထားသည်။

ငလျင်ဘေးသင့်သည့် မန္တလေး၊ စစ်ကိုင်း၊ ပဲခူးနှင့် နေပြည်တော်ဒေသများတွင် အကူအညီများပေးမည်ဟု အိန္ဒိယက ပြောကြားထားသည်။

အိန္ဒိယ စစ်တပ်မှ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုပေးသည့် ရွေ့လျားဆေးရုံနှင့်အတူ အမျိုးသမီးနှင့် ကလေးသူငယ်စောင့်ရှောက်ရေးအပါအဝင် အဖွဲ့ဝင် (၁၁၈)ဦး ပါဝင်သည့်အဖွဲ့သည် ကူညီကယ်ဆယ်ရေးပစ္စည်း တန် (၆၀)နှင့်အတူ မတ်လ (၂၉)ရက်နေ့ကတည်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်သည်။