ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်းတွင်း ပိတ်မိနေသည့် သံဃာတော် ၅၅ ပါးကို ကယ်ဆယ်နိုင်ပြီး ၆ ပါး ပျံလွန်တော်မူ

ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်းတွင်း ပိတ်မိနေသည့် သံဃာတော် ၅၅ ပါးကို ကယ်ဆယ်နိုင်ပြီး ၆ ပါး ပျံလွန်တော်မူ

အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း ချမ်းအေးသာစံမြို့နယ်ရှိ သာသနာ့ဗိမာန်ကျောင်းမှ အဆောက်အဦး ပြိုကျ၍ ပိတ်မိနေသော သံဃာတော် (၅၅)ပါးကို အသက်ရှင်လျှက် ကယ်ဆယ်ထားနိုင်ပြီဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၉)ရက်နေ့တွင် ထုတ်ပြန်သည်။ 

ငလျင်လှုပ်ခတ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ စတင်ဖြစ်ပွားချိန်မှ ယနေ့ မတ်လ (၂၉)ရက်နေ့ ည(၇)နာရီဝန်းကျင်တွင် သံဃာတော်(၅၅)ပါးတို့အား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ပျံလွန်တော်မူသည့် သံဃာတော်(၆)ပါး၏ ရုပ်အလောင်းများကိုလည်း ရှာဖွေတွေ့ရှိထားသည်ဟု ဆိုသည်။

မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍  ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။ 

ငလျင်ဒဏ်ကြောင့် စစ်ကိုင်း၊ မန္တလေးနှင့် ရှမ်းတောင်တို့တွင် အပျက်အစီးများပြီး ယနေ့နေ့လယ်ပိုင်းအထိ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ လူပေါင်း(၁၀၀၀)ကျော် သေဆုံးပြီး (၂၀၀၀)နီးပါး ဒဏ်ရာရရှိထားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: Myanmar Fire Services Department