စင်္ကာပူမှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၈၀ ဦး မြန်မာသို့ ရောက်ရှိ 

စင်္ကာပူမှ ကယ်ဆယ်ရေးအဖွဲ့ဝင် ၈၀ ဦး မြန်မာသို့ ရောက်ရှိ 

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများသည့် မြန်မာနိုင်ငံသို့ စင်္ကာပူနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့ဝင် (၈၀)ဦး ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၂၉)ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာပြီဟု သိရသည်။

သဘာဝဘေးအကူအညီနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ဆေးဘက်ဆိုင်ရာဆရာဝန်များ၊ ဆေးမှူးများ၊ ရှာဖွေကယ်ဆယ်ရေးခွေးများနှင့်အတူ ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရသည်။

လက်ရှိတွင် တရုတ်၊ ရုရှားတို့မှ ကယ်ဆယ်ရေးအဖွဲ့များလည်း မြန်မာနိုင်ငံသို့ လာရောက်နေကြပြီး အိန္ဒိယနိုင်ငံမှ ထောက်ပံ့ရေးပစ္စည်းများကို ပို့ဆောင်ပေးထားသည်ဟု သိရသည်။

ယနေ့နေ့လယ်ပိုင်းအထိ စစ်ကောင်စီက ကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ်သင့်ခဲ့ရသည့် ဒေသများအားလုံး၌ သေဆုံးခဲ့ရသူ (၁၀၀၂)ဦး၊ ဒဏ်ရာရသူ (၂၃၇၆)ဦးနှင့် ပျောက်ဆုံးနေသူ (၃၀)ဦး ရှိသည်ဟု သိရသည်။

#TachileikNewsAgency

Photo:Yangon International Airport