ငလျင်ဒဏ်သင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ ပေးအပ်သည့် ထောက်ပံ့ရေးပစ္စည်းများရောက်ရှိ

ငလျင်ဒဏ်သင့်ပြည်သူများအတွက် အိန္ဒိယနိုင်ငံမှ ပေးအပ်သည့် ထောက်ပံ့ရေးပစ္စည်းများရောက်ရှိ

ငလျင်ဒဏ်ခံစားနေရသည့် ဒေသခံများကို ကူညီထောက်ပံ့နိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ ပေးအပ်သည့် ထောက်ပံ့ရေးပစ္စည်းများ ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၂၉)ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ရောက်ရှိလာသည်ဟု သိရသည်။

မြန်မာနိုင်ငံရှိ ငလျင်ဒဏ်ခံစားနေရသည့်ဒေသများတွင် ကူညီထောက်ပံ့နိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှပေးအပ်သည့် ထောက်ပံ့ရေးပစ္စည်းများတွင် ခေါက်ဆွဲခြောက်၊ Solar မီးအိမ်၊ မီးဖိုချောင်သုံးပစ္စည်း၊ တစ်ကိုယ်ရည်သုံးပစ္စည်း၊ မီးစက်၊ ဆေးရုံသုံးပစ္စည်း၊ တာပေါ်လင်၊ စောင်၊ ခြင်ထောင်၊ အိပ်ယာခင်းနှင့် ပလပ်စတစ်အိတ်မျိုးစုံတို့ အပါအဝင် စုစုပေါင်းအရေအတွက် (၂၀၃၉)ထုတ်၊ (၁၅.၃) တန်ရှိကြောင်း သိရသည်။

အဆိုပါထောက်ပံ့ရေးပစ္စည်းများကို မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဗဟိုသိုလှောင်ရေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။ 

ယမန်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ ရှမ်းတောင်တို့တွင် အဆောက်အဦးများ ပြိုကျကာ လူထိခိုက်သေဆုံးမှုများရှိခဲ့သည်။

ယနေ့နေ့လယ်ပိုင်းအထိ စစ်ကောင်စီက ကောက်ယူရရှိသော စာရင်းများအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငလျင်ဒဏ် သင့်ခဲ့ရသည့် ဒေသများအားလုံး၌ သေဆုံးခဲ့ရသူ(၁၀၀၂)ဦး၊ ဒဏ်ရာရသူ(၂၃၇၆)ဦးနှင့် ပျောက်ဆုံးနေ သူ(၃၀)ဦးရှိ သည်ဟု သိရသည်။

#TachileikNewsAgency