၂၀၂၅ခုနှစ် မတ်လ (၂၈)ရက်နေ့တွင် လှုပ်ခတ်သည့် အင်အားပြင်း ငလျင်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကောင်ထိုးကျေးရွာမှ နေအိမ်များ ပျက်စီးသွားသည်ဟု သိရသည်။
ကောင်ထိုးကျေးရွာမှ နေအိမ်များထိခိုက် ပျက်စီးမှု အခြေအနေများကို ယနေ့ မတ်လ (၂၉)ရက်နေ့တွင် Pa-O Youth Organizationက ဖော်ပြထားခြင်းဖြစ်ပြီး လူထိခိုက်သေဆုံးမှုအခြေအနေများကိုမူ ဖော်ပြထားခြင်း မရှိပါ။
မြန်မာနိုင်ငံအတွင်း ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ်(၁၂)နာရီ (၅၁)မိနစ် (၀၂)စက္ကန့် အချိန်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁)ကီလိုမီတာခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့၏ အရှေ့ မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ)တွင် အင်အား ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန် ငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်။
#TachileikNewsAgency
Photo: Pa-O Youth Organization