အင်အားပြင်းငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ရှိ ဟိုတယ်အောင်ပန်းပြိုကျမှုအတွင်း ပိတ်မိနေသူ (၂၅)ဦးကို ကယ်ထုတ်ထားနိုင်ပြီဟု နာရေးကူညီမှုအသင်း အောင်ပန်းက ယနေ့ ၂၀၂၅ ခုနှစ် မတ်လ(၂၉) ရက်နေ့ နံနက်ပိုင်းတွင် ထုတ်ပြန်သည်။
ဟိုတယ်ပြိုကျမှုအတွင်း အမျိုးသမီး (၃)ဦး သေဆုံးပြီး အမျိုးသမီး (၁၇)ဦးနှင့် အမျိုးသား(၈)ဦးတို့ကို အသက်ရှင်လျှက် ကယ်ထုတ်နိုင်ခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။
ကျန်ရှိပိတ်မိနေသူများကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်ဟုလည်း နာရေးကူညီမှုအသင်း အောင်ပန်းက ဆိုသည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ်(၁၂)နာရီ (၅၁)မိနစ် (၀၂)စက္ကန့် အချိန်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁)ကီလိုမီတာခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့၏ အရှေ့ မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ)တွင် အင်အား ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန် ငလျင်လှုပ်ခတ်သွားခြင်းဖြစ်သည်။
#TachileikNewsAgency
Photo:နာရေးကူညီမှုအသင်း အောင်ပန်း