ညောင်ရွှေမြို့၏ အခြေအနေ ရေမြုပ်နေဆဲဖြစ်၍ အကူအညီများ လိုအပ်နေ

ညောင်ရွှေမြို့၏ အခြေအနေ ရေမြုပ်နေဆဲဖြစ်၍ အကူအညီများ လိုအပ်နေ
စက်တင်ဘာ 16, 2024 | ရှမ်းတောင်

 ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ရေပြန်မကျသေးဘဲ မြို့(၃)ပုံ၏  (၂)ပုံမှာ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့အထိ ရေနစ်မြုပ် နေဆဲဟု သိရသည်။



ညောင်ရွှေမြို့တွင်းရှိ ဝင်းရပ်၊ ကံသာရပ်၊ မြို့လည်ရပ်၊ နန်းပန်ရပ် စသည်ဖြင့် ရပ်ကွက်များ ရေမကျသေးသည့်အပြင် မြို့အနောက်ဘက်ပိုင်းတွင် ရေကြီးရေလျှံမှု အခြေအနေ ပိုဆိုးသည်ဟု သိရသည်။



ညောင်ရွှေမြို့တွင် ရေပြန်မကျသေးသဖြင့် ဒေသခံများ ဘုန်းကြီးကျောင်းများတွင် လူအပြည့် ခိုလှုံနေကြရပြီး စားနပ်ရိက္ခာ အပါအဝင် သောက်ရေနှင့် ဆေးဝါးများ လိုအပ်နေသည်ဟု သိရသည်။



ထို့အပြင် ညောင်ရွှေမြို့နယ်၏ အနောက်ဖက်ခြမ်းရှိ ကျေးရွာများတွင်လည်း အကုန်လုံးနစ်မြုပ်နေဆဲဟု သိရသည်။

( ဖော်ပြပါ ပုံများမှာ ၂၀၂၄ခုနှစ် စက်တင်လာလ(၁၄)ရက်နေ့မှ စက်တင်ဘာလ(၁၅)ရက်နေ့အထိ ရေနစ်မြုပ်နေသည့် အခြေအနေများ ဖြစ်သည်။ )



#TachileikNewsAgency

Photo: Yin Nyein Aye, CJ