မန္တလေးတိုင်းအတွင်း အင်အားပြင်းငလျင်ဒဏ်ကြောင့် လူပေါင်း(၆၉၄)ဦး သေဆုံးပြီး (၁၆၇၀)ဦး ဒဏ်ရာရကာ (၆၈)ဦး ပျောက်ဆုံးနေသည်ဟု စစ်ကောင်စီက ယနေ့ ၂၀၂၅ ခုနှစ် မတ်လ(၂၉)ရက်နေ့ တွင် ထုတ်ပြန်သည်။
သေဆုံး၊ ဒဏ်ရာရနှင့် ပျောက်ဆုံးသူများ စာရင်းကို ဆက်လက်ကောက်ယူနေသည်ဟုလည်း ဆိုသည်။
မြန်မာနိုင်ငံအတွင်း ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ်(၁၂)နာရီ (၅၁)မိနစ် (၀၂)စက္ကန့်အချိန်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁) ကီလိုမီတာခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့၏ အရှေ့ မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ)တွင် အင်အား ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်သွား ခြင်းဖြစ်သည်။
#TachileikNewsAgency