မန္တလေးမြို့တောင်ဘက်ရှိ အင်းဝမြို့ မယ်နုအုတ်ကျောင်း အင်အားပြင်းငလျင်ဒဏ်ကြောင့် ပြိုကျသွားပြီဟု သိရသည်။
ယနေ့ ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့တွင် လှုပ်ခတ်သည့် အင်အား (၇.၇) အဆင့်ပြင်းအားရှိ ငလျင်ကြောင့် အင်းဝမယ်နုအုတ်ကျောင်း ပြိုကျပျက်စီးသွားသည်ဟု သိရသည်။
ခရီးသွားများကို ဆွဲဆောင်ရာ မြန်မာတို့၏ ရှေ့ဟောင်းအမွေအနှစ်ဖြစ်သည့် မယ်နုအုတ်ကျောင်းသည် မြန်မာသက္ကရာဇ် ၁၁၈၉ ခုနှစ်တွင် ဘကြီးတော်မင်းတရားနှင့် နန်းမတော်မယ်နုတို့က ဆောက်လုပ်၍ ညောင်ကန် ဆရာတော်ကို လှူဒါန်းခဲ့ခြင်းဖြစ်သည်။
#TachileikNewsAgency
Photo:Internet