ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ပေါ် မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားထိပ်ရှိ အဝိုင်းပတ်တွင် အသစ်တည်ဆောက်ပြီးစီးသည့် နာရီစင်အား ဖွင့်လှစ်ခြင်းအဖြစ် လမ်းများပိတ်ပြီး အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်၍ တံတားပေါ် ဖြတ်သန်းသွားလာမှုကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်သလို နာရီစင်အနီး လမ်းပိုင်းကိုလည်း ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
အဝိုင်းပတ်တွင် အသစ်တည်ဆောက်ပြီးသည့် နာရီစင်အား ဖွင့်လှစ်ခြင်းအဖြစ် အခမ်းအနားဖြင့် ပြုလုပ်မည်ဖြစ်သည့်အတွက် တံတား(၁)ပေါ် ဖြတ်သန်းသွားလာမှုများကို ၂၀၂၅ခုနှစ် မတ်လ(၂၆)ရက်နေ့ နံနက်(၇)နာရီခွဲကနေ နံနက်(၁၀)နာရီအထိ ခေတ္တရပ်ဆိုင်းထားမည်ဖြစ်သလို တရားရုံးလမ်းထိပ်ကနေ အဝိုင်းပတ်အထိ သွားရာလမ်းကိုလည်း နံနက်(၁၀)နာရီအထိ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ လွယ်တော်ခမ်းတံတား ဖွင့်ပွဲလည်း ပြုလုပ်မည်ဖြစ်၍ တာချီလိတ် - မိုင်းဆတ်သွားလမ်းပေါ် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ် ဖြတ်သန်းသွားလာမှုကိုလည်း နံနက်(၇)နာရီခွဲကနေ နံနက်(၁၀)နာရီအထိ ခေတ္တပိတ်ထားမည်ဟု သိရသည်။