မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာနော်စင်သီယာမောင်ကို ထိုင်းတက္ကသိုလ်က  ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ချီးမြှင့် 

မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာနော်စင်သီယာမောင်ကို ထိုင်းတက္ကသိုလ်က  ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ချီးမြှင့် 

ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် တိုင်းရင်းသားများကို ဆေးကုပေးနေသည့် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာနော်စင်သီယာမောင်ကို ထိုင်းနိုင်ငံတက္ကသိုလ်တစ်ခုက ဂုဏ်ထူးဆောင်ဘွဲ့ ပေးလိုက်သည်ဟု သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းရှိ Nareasuan University မှ ဒေါက်တာနော်စင်သီယာမောင်ကို ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in ASEAN Studies)ချီးမြှင့်ခြင်းဖြစ်သည်ဟု သိရသည်။

Nareasuan University မှ နှစ်စဉ် Honorary Doctorate အတွက် သက်ဆိုင်ရာ တက္ကသိုလ်တာဝန်ရှိသူများက အဆိုပြုတင်ပြပြီးနောက် တက္ကသိုလ်ကောင်စီမှ ရွေးချယ်ပေးအပ်လိုက်ခြင်းဖြစ်သည်ဟု အဆိုပါတက္ကသိုလ်ဘက်က ဆိုသည်။ 

ဒေါက်တာနော်စင်သီယာမောင်သည် အာဆီယံဒေသတွင်း လူသားအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်နေသည့်အပြင် လူမှုအသိုက်အဝန်းအတွက် ကောင်းမွန်သော အကျိုးသက်ရောက်မှုများစွာဖြစ်ပေါ်စေခြင်းကြောင့် ဂုဏ်ထူးဆောင်ဘွဲ့ပေးလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ဘွဲ့ချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၅ခုနှစ် မတ်လ(၁၁)ရက်နေ့က ပြုလုပ်ခဲ့ပြီး ထိုင်းဘုရင့်နိုင်ငံ ထိုင်းဘုရင့်တော်ဝင်မိသားစု မင်းသမီး Maha Chakri Sirindhorn ကိုယ်တိုင် လာရောက်ချီးမြှင့်သွားသည်ဟု သိရသည်။

ဒေါက်တာနော်စင်သီယာမောင်သည် လူမှုကူညီရေးလုပ်ငန်းများကြောင့် နိုင်ငံတကာမှ ဆုပေါင်း(၁၈)ဆုအထိ ချီးမြှင့်ခံထားရသည်။

အရှေ့တောင်အာရှ ရေမွန်မာဂါဆေးဆေး (Southeast Asia’s Ramon Magsaysay Award)ဆု၊ ၂၀၀၃ ခုနှစ် တိုင်းမ်မဂ္ဂဇင်း၏ အာရှသူရဲကောင်းအပြင် Jonathan Mann Award တို့ကိုလည်း ရရှိထားသူဖြစ်သည်။

ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းသည် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၊ ဒုက္ခသည်များနှင့် မြန်မာ-ထိုင်းနယ်စပ်ရှိ တိုင်းရင်းသားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည်မှာ နှစ်ပေါင်း(၃၀)ကျော် ကြာနေပြီဖြစ်သည်။ 

#TachileikNewsAgency

Photo: มหาวิทยาลัยนเรศวร