ရန်ကုန်တိုင်း ရွှေပြည်သာတံတားအနီး ဆိပ်ကမ်းတစ်ခု၌ သင်္ဘောပေါ်မှ ပြုတ်ကျသွားသည့် လူငယ်၏ ရုပ်အလောင်းကို ယနေ့ ၂၀၂၅ခုနှစ် မေလ (၇)ရက်နေ့တွင် ပြန်ရှာတွေ့ပြီဟု ကယ်ဆယ်ရေးလုပ်ဆောင်သူများထံမှ သိရသည်။
၂၀၂၅ခုနှစ် မတ်လ (၅)ရက်နေ့က သင်္ဘောကုန်ချနေစဥ် လှိုင်မြစ်ထဲသို့ အသက်(၁၉)နှစ်အရွယ် သင်္ဘောလုပ်သားတစ်ဦး ပြုတ်ကျသွားခြင်းဖြစ်သည်။
ထို့နောက် ရေစီးနှင့်မျောပါကာ ပျောက်ဆုံးသွားပြီးနောက် (၂)ရက်အကြာ ယနေ့ မတ်လ (၇)ရက်နေ့ နေ့လယ် (၁၂)နာရီတွင် ရုပ်အလောင်းအား ရွှေပြည်သာတံတားအောက် မြစ်ကမ်းစပ်၌ ပြန်တွေ့ရခြင်းဖြစ်သည်ဟု သိရသည်။
လူငယ်၏ ရုပ်အလောင်းကို ကနောင်အသင်းက ဆယ်ယူပြီး အင်းစိန်ရင်ခွဲရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။
သေဆုံးသူသည် ပြုတ်ကျစဥ် ရေစီးနှင့်မျောပါ၍ သင်္ဘောဝမ်းဗိုက်အောက်ထဲရောက်ရှိကာ ပျောက်ဆုံးသွားခြင်းဖြစ်သည်။
ပြုတ်ကျချိန်၌ လုပ်ဖော်ကိုင်ဖက် (၂)ဦးက လိုက်လံကယ်ဆယ်သော်လည်း ရေစီးသန်နေချိန်ဖြစ်၍ ကယ်ဆယ်သူနှစ်ဦးလည်း ကံကောင်းစွာ ပြန်လည်လွတ်မြောက်ခဲ့သည်ဟု သိရသည်။
#TachileikNewsAgency
Photo:Thurein Tun