ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ်တချို့တွင် မိုးရွာသွန်းနိုင်

ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ်တချို့တွင် မိုးရွာသွန်းနိုင်

ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းယောင်း၊ မိုင်းယု၊ တာချီလိတ်နှင့် ကျိုင်းတုံမြို့တို့တွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၂၄)ရက်နေ့ကစပြီး မိုးရွာနိုင်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားသည်။

မိုင်းယောင်း၊ မိုင်းယုဒေသတို့တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ(၂၄)ရက်နေ့ နှင့် (၂၅)ရက်နေ့တို့တွင် မိုးရေချိန် (၆၀)မီလီမီတာနီးပါး ရွာသွန်းနိုင်သည်ဟု အသိပေးထားသည်။ 

(၆၀)မီလီမီတာသည် (၂.၃၆ လက်မခန့်)ဖြစ်၍ မိုးရေချိန်အရ မိုးများနိုင်သည်ဟု ဆိုသည်။ 

ထို့အပြင် တာချီလိတ်ခရိုင်ဘက်တွင် မိုးအသင့်အတင့်အထိ ရွာသွန်းနိုင်ကာ ဖေဖော်ဝါရီလ(၂၅) ရက်နေ့တွင် (၂၄) နာရီအတွင်း မိုးရေချိန် (၁၉) မီလီမီတာ (၀.၇၄ လက်မ)အထိရွာသွန်းနိုင်သည်ဟု အသိပေးထားသည်။ 

တာချီလိတ်မြို့နှင့်နီးသည့် ကျိုင်းတုံမြို့တွင် ဖေဖော်ဝါရီလ (၂၄)ရက်နေ့နှင့် (၂၅)ရက်နေ့တို့တွင် (၂၄) နာရီအတွင်း မိုးရေချိန် (၁၆)မီလီမီတာ (၀.၆၂ လက်မ)ရွာသွန်းနိုင်သည်ဟု ဆိုသည်။

#TachileikNewsAgency