လွှတ်တော်မရှိဘဲ ဥပဒေတစ်ခုပြီး တစ်ခု စိတ်ကြိုက်ထုတ်နေသည့် အာဏာသိမ်း စစ်ခေါင်းဆောင်သည် "ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေ"ကို ပြဌာန်းလိုက်ကြောင်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့တွင် ထုတ်ပြန်ကြေညာလာသည်။
တပ်သား အင်အားချိနဲ့နေသဖြင့် ၎င်းတို့နှင့် ဆက်စပ်လုပ်ငန်းများ၊ လူပုဂ္ဂိုလ်များကို အကာအကွယ်မပေး နိုင်တော့သဖြင့် ယခုဥပဒေကို ထုတ်ပြန်ကာ လက် နက် ခဲယမ်းကိုင်ဆောင်ခွင့်ပါ ခွင့်ပြုလာသည် ကို တွေ့ရသည်။
ဥပဒေတွင် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်းများနှင့် သက်ဆိုင်ခြင်း မရှိသော ကိုယ်ပိုင်လုပ်ငန်း သို့မဟုတ် လုပ်ငန်းခွဲအတွက် (၁၀)ဦးထက် မပိုသော ပုဂ္ဂလိက လုံခြုံရေးဝန်ထမ်း ခန့်အပ်နိုင်သည်ဟု ဆိုသည်။
လိုင်စင်ရှိသူများက ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ရာတွင် လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားပါက အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ တင်ပြရမည်ဟုလည်း ဆို သည်။
ထို့အပြင် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းစဥ်အတွင်း နိုင်ငံတော် ၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေသည့် သတင်းတစ်စုံတစ်ရာ ရလျှင် အနီးဆုံးရဲစခန်း သို့ သတင်းပို့ရမည်ဟုလည်း ပါရှိသည်။
ပြည်ထောင်စုအဆင့် ဗဟိုကော်မတီကို ပြည်ထဲရေးက ဥက္ကဌ အဖြစ်ကိုယ်တွယ်ပြီး တိုင်းအဆင့်တွင် နယ်စပ်ရေးရာက ကြီးကြပ်ရေးကော်မတီနှင့် နေပြည်တော်ကိုမူ နေပြည် တော်ကောင်စီဥက္ကဌက တာဝန်ပေးအပ်သူက ကြီးကြပ်ရေး တာဝန်ယူမည်ဟု ဖော်ပြသည်။
မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိကလုံခြုံရေး လုပ်ငန်းလုပ်ကိုင်လိုသည့် နိုင်ငံခြား ကုမ္ပဏီများအနေဖြင့်လည်း ဝန်ထမ်းခန့်ထားရာတွင် မြန်မာနိုင်ငံသားများကိုသာ အဓိက ခန့်ထားရမည်ဖြစ်ပြီး ရာခိုင်နှုန်းအနေဖြင့် အနည်းဆုံး (၇၅)ရာခိုင်နှုန်း ခန့်ထားရမည်ဟု သတ်မှတ်ထားသည်ကိုလည်း ယင်းဥပဒေတွင် တွေ့ရသည်။
ပုဂ္ဂလိက လုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေ PDF ရယူရန်