မကွေးတိုင်း မင်းဘူးမြို့နယ် ရွှေစက်တော်ဘုရားအနီးရှိ စစ်ကောင်စီလက်အောက်ခံ လက်ပတောရွာ ရဲစခန်းအား တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် တိုက်ခိုက်ကြောင်း မင်းဘူးခရိုင် အမှတ် (၆)တပ်ရင်းထံမှ သိရသည်။
ရွှေစက်တော်ဘုရားအနီးရှိ လက်ပတောရွာ ရဲစခန်းအား ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့ နံနက် (၄)နာရီကစတင်ပြီး နေ့လယ် (၁၂)နာရီအထိ အချိန် (၈)နာရီခန့်ကြာ တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်းရှိ ဘန်ကာများ၊ ကတုတ်ကျင်းများနှင့် အဆောက်အဦးများ ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်မှု စာရင်းကို အတည်ပြုနေဆဲဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ် (၆)တပ်ရင်းက ဆိုသည်။
လက်ပတောရဲစခန်းသည် အနီးနားရှိ ကျေးရွာများမှ လူငယ်များကို စစ်မှူထမ်းရန် ဖိအားပေး ခြိမ်းခြောက်ခြင်း၊ ပြည်သူများအား နည်းလမ်းမျိုးစုံသုံး၍ ဖိနှိပ်ခြင်းနှင့် စစ်ဘေးရှောင် ပြည်သူများအပေါ် နိုင်ထက်စီးနင်း ပြုလုပ်နေသည့် စခန်းတခုဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ် (၆)တပ်ရင်းက ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုအား မင်းဘူးခရိုင် အမှတ်(၆) တပ်ရင်း ၊ Rocket Fighter ၊ မင်းဘူးမြို့နယ်(ပကဖ)၊ စေတုတ္တရာမြို့နယ်(ပကဖ)၊ ပေါက်မြိုင်(ပကဖ)၊ Earthquake Defense Force၊ Young Force နှင့် Jocker ပြောက်ကျားတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo: မင်းဘူးခရိုင် အမှတ် (၆)တပ်ရင်း