ကြို့ပင်ကောက်မြို့နယ် အလယ်ကုန်းရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရ

ကြို့ပင်ကောက်မြို့နယ် အလယ်ကုန်းရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရ

ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အလယ်ကုန်းရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သွားရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၆) Black Dragon GBK-PDF အဖွဲ့မှ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၈) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကြို့ပင်ကောက်မြို့နယ် အလယ်ကုန်းရဲစခန်းမှ ပြည်သူများအား ပေါ်တာဆွဲရန် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ယမန်နေ့ သြဂုတ်လ (၂၇) ရက်နေ့ ည (၈) နာရီဝန်းကျင်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့်ကြာမြင့်ခဲ့ပြီး စခန်းအပေါက်ဝရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ကျည်ထိမှန်၍ လဲကျသွားသည်ကို မြင်တွေ့ခဲ့ရကြောင်း Black Dragon GBK-PDF အဖွဲ့က ဆိုသည်။

ဆက်လက်၍လည်း ပြည်သူများအား ပေါ်တာဆွဲဖမ်းဆီးနေသည့် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်တိုင်များအား ပြင်းထန်စွာတိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများအနေဖြင့် ၎င်းတို့အနီး သွားလာနေထိုင်မှုများ မပြုလုပ်ကြရန် Black Dragon GBK-PDF အဖွဲ့က အသိပေးထားသည်။

#TachileikNewsAgency