ထိုင်းနိုင်ငံ ကန်ချနဘူရီဒေသ အဝေးပြေးလမ်းတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ယာဉ်မောင်းထွက်ပြေးသွားပြီး ကျန်ခဲ့သည့် မော်တော်ယာဉ်ပေါ်မှ မြန်မာနိုင်ငံသားများကို ဖမ်းမိကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်မှာ ဘုရားသုံးဆူနယ်စပ်ကို အထောက်အထားမဲ့ဖြတ်ကျော်ဝင်လာသည့် မြန်မာနိုင်ငံသားများကို တင်ဆောင်လာစဉ် ယာဉ်မောင်းက လမ်း၌ထားခဲ့ကာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ရန်အတွက် တစ်ဦးလျှင် ဘတ်(၁၆၀၀၀)စီ ပေးခဲ့ကြရသည်ဟု သိရသည်။
#TachileikNewsAgency
Photo : Khaosod