ကချင်ပြည်နယ် မံစီမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ထုတ်ပြန်သည်။
မံစီမြို့အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော ခမရ(၃၁၉)၊ ခမရ (၆၀၁)နှင့် အမြောက်တပ် (၃၅၂)တပ်ရင်းအားလုံးကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၄)ရက်မှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၈)ရက်နေ့ အထိ တစ်လတာ ထိုးစစ်အပြီးတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။
မံစီမြို့ကို ၂၀၂၄ခုနှစ် မေလတွင်လည်း ပထမအကြိမ် ထိုးစစ်ဆင်ခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ထိုးစစ်ရပ်နားခဲ့ရာမှ ယခုအကြိမ်တွင်
မံစီမြို့တွင်ကျန်ရှိသော စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
စခန်းသိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများစွာကို သိမ်းပိုက်ရရှိသည်ဟု ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)တပ်မဟာ (၁၁)၏ ဦးဆောင်မှုဖြင့် ABSDF အမှတ် (၂)စစ်ကြောင်း တပ်ရင်း (၁၀)၊ KPDF ပူး ပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်သည်။
#TachileikNewsAgency
#TNA_MAT
Photo:ABSDF