တနင်္သာရီမြို့နယ် ကတော့ကမ်းကျေးရွာသို့ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီမြို့နယ် ကတော့ကမ်းကျေးရွာသို့ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာရ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ကတော့ကမ်းကျေးရွာသို့ စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်မှုကြောင့် ကျေးရွာနေ ဒေသခံ (၂) ဦး ထိခိုက်ဒဏ်ရာရကြောင်း မြိတ်ခရိုင်တပ်ရင်း (၂) ထံမှ သိရသည်။

၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၆)ရက်နေ့တွင် စစ်ကောင်စီက ကတော့ကမ်းကျေးရွာသို့ ဒရုန်းဖြင့် ဗုံးသီး (၂)လုံး ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာရှိ လူနေအိမ်တချို့ ပျက်စီးခဲ့ကာ အသက် (၂၃) နှစ် နှင့် အသက် (၅၅) နှစ်အရွယ် အမျိုးသား(၂)ဦး ဗုံးသီးထိမှန်ပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသည့် လူနာနှစ်ဦးကို နီးစပ်ရာ ကျန်းမာရေးဌာနသို့ အချိန်မှီ ပို့ဆောင်နိုင်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရမှု မရှိတော့ဟု ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၁၉)ရက်နေ့ကလည်း တနင်္သာရီမြို့နယ် ဘန်လောရွာအနီး ကျောက်ပုံတောင်တွင် စခန်းချထားသည့် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် အရှေ့ဘန်လောကျေးရွာရှိ ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency