ရွှေဝါရောင်ဆရာတော် ဥူးပညာဇောတ မြန်မာပြန်လာစဥ်ဖမ်းခံရ 

ရွှေဝါရောင်ဆရာတော် ဥူးပညာဇောတ မြန်မာပြန်လာစဥ်ဖမ်းခံရ 

အမေရိကန်နိုင်ငံ ဘတ်ဖဲလိုးမြို့ မေတ္တာပါရမီကျောင်းတိုက်ကျောင်းထိုင် ရွှေဝါရောင်ဆရာတော် ဥူးပညာဇောတကို စစ်ကောင်စီက ဖမ်းဆီးလိုက်ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။ 

ဆရာတော်သည် အမေရိကန်နိုင်ငံသားခံယူထားပြီး မင်္ဂလာဒုံမြို့နယ် နွယ်ခွေစံပြကျေးရွာရှိ ပညာပါရမီကျောင်းတိုက်၌ အနန္တမေတ္တာပါရမီသိမ်ကျောင်းဆောက်လုပ်ရန် မြန်မာနိုင်ငံသို့ ပြန်ကြွလာစဥ် နိုဝင်ဘာလ (၁၃)ရက်နေ့က ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။ 

"အမေရိကန်ပြည်ထောင်စု၊ ဘတ်ဖဲလိုးမြို့မေတ္တာ ပါရမီကျောင်းတိုက်၏ ကျောင်းထိုင် ပညာဇောတသည် မြန်မာနိုင်ငံသို့ လာရောက်စဉ် အဖမ်းခံရ။"ဟုလည်း စစ်ကောင်စီလော်ဘီများက ဖော်ပြထားသည်။ 

ဆရာတော်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်ဆရာတော်ဖြစ်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ ရဟန်းပျိုများသမဂ္ဂဖွဲ့စည်းလှုပ်ရှားမှုကြောင့် ပြည်ပသို့ တိမ်းရှောင်ခဲ့ရသူဖြစ်သည်။

#TachileikNewsAgency