မြင်းမူမြို့နယ်အတွင်း တပ်ချိန်း၍ ပြန်လာသည့် စစ်ကားနှစ်စီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်

မြင်းမူမြို့နယ်အတွင်း တပ်ချိန်း၍ ပြန်လာသည့် စစ်ကားနှစ်စီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာခရိုင် မြင်းမူမြို့နယ်အတွင်း တပ်ချိန်း၍ ပြန်လာသည့် စစ်ကားနှစ်စီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ကြောင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး BLDF တပ်ခွဲ အညာမိုင်းအဖွဲ့မှ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မုံရွာမြို့ဘက်မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားနှစ်စီးသည် မြောင်လမ်းခွဲတွင် ရပ်ထားသည့် စစ်ကောင်စီ သံပြားကာ ကားနှစ်စီးမှ တပ်ဖွဲ့ဝင်များနှင့် တပ်ချိန်း၍ စစ်ကိုင်းဘက်သို့ ပြန်လည်ထွက်ခွာလာစဉ် ယနေ့ နိုဝင်ဘာလ (၁၂) ရက်နေ့တွင် မြင်းမူမြို့နယ် အလ္လာပကကျေးရွာ အနောက်ဘက်တနေရာတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိနိုင်ကာ အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း BLDF တပ်ခွဲ အညာမိုင်းအဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ချောင်းဦးမြို့နယ် အခြေစိုက် BLDF တပ်ခွဲ အညာမိုင်းအဖွဲ့ ၊ ဇာမဏီအဖွဲ့နှင့် ဒေါင်းဘုရင်အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Internet (ပုံဟောင်း)