စလင်းမြို့နယ် တညောင်တိုက်နယ်ရှိ ရဲစခန်းနှင့် လျှစ်စစ်ခွဲရုံးအား တော်လှန်ရေးအင်အားစုများ တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ပြီး ရဲစခန်းပတ်လည်ရှိ အတားအဆီးများအား မီးရှို့ဖျက်ဆီး

စလင်းမြို့နယ် တညောင်တိုက်နယ်ရှိ ရဲစခန်းနှင့် လျှစ်စစ်ခွဲရုံးအား တော်လှန်ရေးအင်အားစုများ တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ပြီး ရဲစခန်းပတ်လည်ရှိ အတားအဆီးများအား မီးရှို့ဖျက်ဆီး

မကွေးတိုင်း စလင်းမြို့နယ် တညောင်တိုက်နယ်ရှိ ရဲစခန်းနှင့် လျှစ်စစ်ခွဲရုံးအား တော်လှန်ရေးအင်အားစုများ တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ပြီး ရဲစခန်းပတ်လည်ရှိ အတားအဆီးများအား မီးရှို့ဖျက်ဆီးကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စလင်းမြို့နယ် တညောင်တိုက်နယ်ရှိ ရဲစခန်းနှင့် လျှစ်စစ်ခွဲရုံးအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့ နံနက် (၅)နာရီဝန်းကျင်တွင် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ စီမံမှုဖြင့် တော်လှန်ရေးအင်အားစုများက လက်နက်ကြီး ၊ လက်နက်ငယ် ၊ Drone များနှင့် RPG များဖြင့် တပြိုင်နက် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၇)ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး ၊ တညောင် ရဲစခန်းပတ်လည်ရှိ အတားအဆီးများအား ဖျက်ဆီးမီးရှို့နိုင်ခဲ့ကာ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း -ပကဖ) နှင့် ရပ်ကျေး ပကဖ များ ၊ မင်းဘူးခရိုင် ပကဖ ၊ မကွေးတိုင်း ပကဖ Drone လက်ရုံးတပ်ဖွဲ့ဖြစ်သည့် သိမ်းငှက်နက် ဆိပ်ဖြူတော်လှန်ရေးတပ်ဦးနှင့် Chauk Guerrilla Force (CGF) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးအဖွဲ့ - စလင်း