တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရ

တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရ

တောင်ပိုင်းစစ်ဒေသနယ်မြေအတွင်း ပြီးခဲ့သည့် (၇) ရက်တာအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သား (၅)ဦး သေဆုံးပြီး (၂၁)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း တောင်ပိုင်းစစ်ဒေသ၏ အပတ်စဉ် အချက်အလက်ကောက်ယူမှုအရ သိရသည်။

၂၀၂၄ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့မှ ယနေ့အထိ တပတ်တာအတွင်း စစ်ကောင်စီတပ်ပစ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ အရပ်သား (၅)ဦး သေဆုံးပြီး ၊ (၇)နှစ်အရွယ် ကလေးငယ်တဦးနှင့်အတူ စစ်ကောင်စီထောင်ထားခဲ့သော မိုင်းနင်းမိ၍ ခြေထောက် ပြတ်ထွက်ဒဏ်ရာရရှိသူနှစ်ဦး အပါအဝင် (၂၁)ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၅)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာများအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က နေ့စဉ် ဒရုန်းဗုံးသီးများ ကြဲချတိုက်ခိုက်နေခြင်းကြောင့် အနီးအနားရှိ ကျေးရွာ (၆)ရွာမှ ပြည်သူ (၅၀၀)ဦးခန့် စစ်ဘေးရှောင်နေရကြောင်း သိရသည်။

ဖော်ပြပါအချက်အလက်များသည် ရရှိထားသောအချက်အလက်များကိုသာ အခြေခံထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်တွင် ထိခိုက်သေဆုံးမှုများ ပိုမိုများပြားနိုင်ကြောင်း တောင်ပိုင်းစစ်ဒေသမှ အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် တောင်ပိုင်းစစ်ဒေသ နယ်မြေအတွင်း၌ ပဲခူးတိုင်း ၊ ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ တနင်္သာရီတိုင်း ၊ ကယားပြည်နယ်နှင့် မွန်ပြည်နယ်တို့ ပါဝင်သည်။

#TachileikNewsAgency

Photo: တောင်ပိုင်းစစ်ဒေသ(ပုံဟောင်း)