၀က်လက်မြို့နယ် ရွာသာရွာ စစ်ကောင်စီစခန်း ဂိတ်ကင်းတံခါးလာပိတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ကင်းပုန်းဝပ်၍ ပစ်ခတ်တိုက်ခိုက်

၀က်လက်မြို့နယ် ရွာသာရွာ စစ်ကောင်စီစခန်း ဂိတ်ကင်းတံခါးလာပိတ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ကင်းပုန်းဝပ်၍ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာအတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဂိတ်ကင်းတံခါးပေါက်ပိတ်ရန် လာရောက်စဉ် ကင်းပုန်းဝတ်၍ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ကြောင်လက်သည်း LPDF အဖွဲ့ထံက သိရသည်။

ဝက်လက်မြို့နယ် ရွာသာကြီးကျေးရွာအတွင်း အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့ ညနေ (၆)နာရီခန့်တွင် ရွာတော်ဘက်အထွက် လေးလမ်းဆုံနှင့် မီတာ (၂၅၀) အကွာရှိ ကင်းဂိတ်တံခါးပေါက် ပိတ်ရန်လာရောက်ချိန်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့မှ လက်နက်ငယ်များဖြင့် ကင်းပုန်းဝပ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နိုဝင်ဘာလ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး သေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ကြောင်လက်သည်း LPDF အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ကြောင်လက်သည်း LPDF အဖွဲ့က ဦးဆောင်ပြီး မဟာမိတ်များဖြစ်သည့် မီးတောက် Local PDF နှင့် တွေ့မရှောင် Local အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: ကြောင်လက်သည်း