လားရှိုးမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရကာ နေအိမ်များပျက်စီး

လားရှိုးမြို့ကို စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရကာ နေအိမ်များပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက်(၁၂)ကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား(၂)ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်(၃)လုံး ပျက်စီးသွားပြီး အရပ်သား(၂)ဦး ဒဏ်ရာရှိသည်ဟု သိရသည်။ 



 

"ရပ်ကွက်(၁၂) မန်ဆူမရောက်ခင် ရှမ်းတောင်တန်းလမ်းကြားထဲ ဗုံးကြဲခံရတာ။ နေအိမ်(၃)လုံး ပျက်စီးပါတယ်။ လူသေဆုံးမှုမရှိဘူး။ ဒဏ်ရာရရှိသူ (၂)ဦးရှိတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

ရှမ်းမြောက်တွင် စစ်ရှုံးသွားသည့် စစ်ကောင်စီသည် TNLA နှင့် MNDAA သိမ်းပိုက်ထားသည့် လားရှိုး၊ သီပေါ၊ နောင်ချိုနှင့် ကျောက်မဲမြို့တို့ကို နေ့စဉ်လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခြင်းကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုများ ရှိနေပြီး နေအိမ်အဆောက်အဦးများလည်း ပျက်စီးခြင်းများရှိသည်။

#TachileikNewsAgency

Photo: CJ