နောင်ချို့မြို့နယ် အင်းဖိုရွာကို စစ်ကောင်စီဗုံးကြဲ စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး

နောင်ချို့မြို့နယ် အင်းဖိုရွာကို စစ်ကောင်စီဗုံးကြဲ စာသင်ကျောင်းနှင့် နေအိမ်များပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် အင်းဖိုကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် ဗုံးကြဲ တိုက်ခိုက်သွားကြောင်း ဒေသခံများထံမှ သိရသည်။ 

ယနေ့ နံနက်(၄)နာရီဝန်းကျင်တွင် ပေါင်(၅၀၀)ဗုံးများအပါအဝင် ဗုံးအလုံးရေများစွာ ကြဲချတိုက်ခိုက်သွားခြင်းကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးသွားကာ လူထိခိုက်မှုမရှိဟု သိရသည်။

"ဗုံးက အများကြီးကြဲတာပဲ။ စာသင်ကျောင်းလည်း ပျက်စီးသွားတယ်။ လာတော့ မထိဘူး။ မတ်လွတ်ရွာလည်း ထိခိုက်မှုရှိတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

စစ်ကောင်စီတပ်သည် စစ်ရှုံးသွားသည့် ရှမ်းမြောက်ဒေသကို နေ့စဥ်ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် လူထုထိခိုက်မှုနှင့် အဆောက်အဦးပျက်စီးမှုကို နေ့စဥ်ကြုံတွေ့နေရသည်။

#TachileikNewsAgency