ဖားဆောင်း နှင့် ဘောလခဲ အကြားရှိ ထူးချောင်း စခန်းကုန်းမှ စစ်ကောင်စီတပ်သားများ စခန်း စွန့်ခွာ ထွက်ပြေး

ဖားဆောင်း နှင့် ဘောလခဲ အကြားရှိ ထူးချောင်း စခန်းကုန်းမှ စစ်ကောင်စီတပ်သားများ စခန်း စွန့်ခွာ ထွက်ပြေး
အောက်တိုဘာ 14, 2024 | ကယား

 ကရင်နီဒေသ ၊ ဖားဆောင်း နှင့် ဘောလခဲ အကြားရှိ စစ်ကောင်စီတပ်၏ “ ထူးချောင်း စခန်းကုန်း” မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းအား စွန့်ခွာထွက်ပြေးသွားကြောင်း ဖားဆောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။



“ ထူးချောင်း စခန်းကုန်း” မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ( ၁၂ ) ရက်နေ့က စခန်းအား စွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ပြီး အဆိုပါ စခန်းအား ဖားဆောင်း ပြည်သူ့ကာကွယ်ရေးတပ်နှင့်အတူ တပ်ပေါင်းစုမှ ဝင်ရောက်ရှင်းလင်းခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။





စစ်ဆင်ရေးတွင် တပ်ပေါင်းစု နှင့်အတူ ဖားဆောင်း PDF / KA Drone Force တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



 

Photo: Hpasawng PDF