TNLA နှင့် MNDAA ထိန်းချုပ်ဒေသများအား ဗုံးကြဲသဖြင့် တိမ်းရှောင်လာသူများကို SSPP က ထောက်ပံ့

TNLA နှင့် MNDAA ထိန်းချုပ်ဒေသများအား ဗုံးကြဲသဖြင့် တိမ်းရှောင်လာသူများကို SSPP က ထောက်ပံ့

TNLA နှင့် MNDAA သိမ်းပိုက်ထားသည့် နယ်မြေများကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်နေသဖြင့် တိမ်းရှောင်လာသည့် စစ်ဘေးရှောင်များကို ကူညီပေးထားကြောင်း SSPP က ယနေ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၅)ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအောင်းတပ်ဖွဲ့ TNLA သိမ်းပိုက် ထိန်းချုပ်ထားသည့် မြို့တွင်းကို နေ့စဉ်နီးပါး ဗုံးကြဲမှုနေသောကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်ဒေသခံများအတွက် SSPP/SSA မှ စားသောက်ကုန်ပစ္စည်းနှင့် ငွေကြေးများကို ကူညီပေးခဲ့သည်ဟု ဖော်ပြသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာ နောင်ချိုဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိနေကြသည့် စစ်ဘေးရှောင် (၂၆၂)ဦးကို SSPP/SSA က စားသောက်ကုန်ပစ္စည်းနှင့် ငွေကြေးများကို စစ်ဘေးရှောင် ကူညီရေးကော်မတီများထံ သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့သည်ဟု ဆိုသည်။ 

စစ်ရှောင် (၂၆၂)ဦးကို ဆန်(၁၂)အိတ်၊ ဆီ ၊ ဆား၊ ဟင်းချိုမှုန့်၊ ဟင်းသီးဟင်းရွက်နှင့် ငွေကြေး(၇)သိန်းကျပ်တို့ကို SSPP/SSA မှ အောက်တိုဘာလ (၃)ရက်နေ့တွင် ကူညီထောက်ပံ့ပေးခဲ့သည်ဟု သိရသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအောင်းတပ်ဖွဲ့ TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့များကို စစ်ကောင်စီတပ်က နေ့စဉ်နီးပါး လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်လာပြီး မြို့တွင်းရှိ ဒေသခံပြည်သူများ မြို့တွင်း၌ မနေရဲတော့ဘဲ ထောင်နှင့်ချီကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း သိရသည်။

#TachileikNewsAgency

Photo: SSPP Info