ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၄)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ကြောင်း သိရသည်။
စစ်ကောင်စီတပ်က တိုက်လေယာဉ် (၄)စီးဖြင့် တရုတ်ပိုင်အဆောက်အဦးများနှင့် လူနေရပ်ကွက်များကို (၄)ကြိမ် ဗုံးကြဲတိုက်ခိုက်သွားကြောင်း သိရသည်။
"ရပ်ကွက်(၅)ဘုံကျောင်းထိတယ်။ နောက်တစ်လုံးက ရပ်ကွက်(၈)ဘက်ကျတယ်။ ရပ်ကွက်(၁၂) ကောင်းခါးရပ် မင်္ဂလာစားသောက်ဆိုင်တွေကို ကြဲသွားတယ်။ အသေးစိတ်တော့ မသိရသေးဘူး"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လားရှိုးမြို့အတွင်း ဖုန်းလိုင်းများကို အောက်တိုဘာလ (၂)ရက်နေ့က စတင်ဖြတ်တောက်ထားရာ (၃)ရက်နေ့အထိ ဗုံးကြဲခြင်းမရှိခဲ့ဟု သိရသည်။
စစ်ကောင်စီသည် ၂၀၂၄ခုနှစ် ဩဂုတ်လ (၃၀)ရက်နေ့မှ စက်တင်ဘာလ(၃၀)ရက်နေ့အထိ လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှု (၁၀)ကြိမ် ပြုလုပ်ခဲ့ရာ ဒေသခံ (၂)ဦး သေဆုံးပြီး (၅၀)ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ မြို့ကိုစွန့်ခွါလာကြကာ တိမ်းရှောင်နေသူများလည်း ပြန်မဝင်ရဲဖြစ်နေသည်ဟု သိရသည်။
#TachileikNewsAgency
Photo : CJ