မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ရဲစခန်းနှင့် မီးသတ်ရုံးတို့အား တော်လှန်ရေးအင်အားစုများက ဒရုန်းများဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MGN) အဖွဲ့ထံမှ သိရသည်။
ဆီမီးခုံမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ရဲစခန်းနှင့် မီးသတ်ရုံးတို့အား ၂၀၂၄ခုနှစ် စက်တင်ဘာ (၂၈)ရက်နေ့ နံနက် (၉) နာရီခန့်တွင် တော်လှန်ရေးအင်အားစုများက ဒရုန်း (၄)စီး ဖြင့် ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုအား ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ရွှေဂျိုးဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MGN) အဖွဲ့က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ)၊ AungSan's Blood Civilians Defense Force (ABCDF) နှင့် ဧရာဝတီမင်းသားပြောက်ကျားတပ်ဖွဲ့ မဟာမိတ်ညီနောင် သုံးဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency