စလင်းမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူမည့် စစ်ကောင်စီထောက်တိုင်များအား ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း သတိပေး

စလင်းမြို့နယ်အတွင်း သန်းခေါင်စာရင်းကောက်ယူမည့် စစ်ကောင်စီထောက်တိုင်များအား ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း သတိပေး

မကွေးတိုင်း မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်း ရွေးကောက်ပွဲပြုလုပ်နိုင်ရန် သန်းခေါင်စာရင်းကောက်ယူမည့် စစ်ကောင်စီထောက်တိုင်များအား ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း အမှတ် (၁) စစ်ဒေသ မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းမှ ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေသည့် စစ်ကောင်စီတပ်မှ ပြည်သူ့ဆန္ဒမပါဘဲ ပြုလုပ်မည့် ရွေးကောက်ပွဲကို လုံးဝလက်မခံဘဲ ပြင်းထန်စွာကန့်ကွက်ကြောင်း မင်းဘူးခရိုင် အမှတ် (၅) တပ်ရင်းမှ အသိပေးထားသည်။

စက်တင်ဘာလ (၂၅) ရက်နေ့ကလည်း မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့နယ်အတွင်း စစ်ကောင်စီ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ပက်သက်သည့် Non-CDM များအား စစ်ကောင်စီကဲ့သို့ သဘောထား အရေးယူသွားမည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် ပ.က.ဖမှ သတိပေးချက် ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ရွေးကောက်ပွဲပြုလုပ်ရန်အတွက် လာမည့် အောက်တိုဘာလ (၁)ရက်နေ့မှ စတင်ပြီး (၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ခံသွားမည်ဟု အသိပေးထားပြီး သန်းခေါင်စာရင်းကောက်ယူရန် ၎င်းတို့ ထိန်းချုပ်ထားသည့် ဒေသများတွင် Non-CDM ဌာနဆိုင်ရာ ဝန်ထမ်းများကို သင်တန်းပေးခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။

#TachileikNewsAgency