ကျောက်မဲမြို့ရှိ ကမ္ဘာ့ရတနာဘဏ် ပိတ်မည်

ကျောက်မဲမြို့ရှိ ကမ္ဘာ့ရတနာဘဏ် ပိတ်မည်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ကမ္ဘာ့ရတနာဘဏ်ကို လာမည့် ၂၀၂၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ကစတင်ပြီး ခေတ္တ ပိတ်သိမ်းမည်ဟု သိရသည်။



ထို့ကြောင့် ဘဏ်ခွဲတွင်အပ်နှံထားသော ဘဏ်ငွေစုစာအုပ်မှ ငွေများအား ၂၀၂၃ခုနှစ် ဇွန်လ(၃၀)ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပိုင်ရှင်ကိုယ်တိုင် သတ်မှတ်နှုန်းထားအတိုင်း လာရောက်ထုတ်ယူနိုင်ကြောင်း ဘဏ်ဘက်က ဇွန်လ(၂၀)ရက်နေ့တွင် ထုတ်ပြန်ထားသည်ဟု ဒေသခံများက Tachileik News Agencyကို အတည်ပြုသည်။



အဆိုပါဘဏ်ကို မည်သည့်အတွက် ပိတ်မည်ဖြစ်ကြောင်းနှင့် သတ်မှတ်နှုန်းထားဆိုသည်မှာ ငွေပမာဏမည်မျှအား ဆိုလိုသည်ကို သိရှိရန် ဘဏ်အား Tachileik News Agencyက ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပါ။



ကမ္ဘာ့ရတနာဘဏ်ကို မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၃ ခုနှစ်တွင် မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာနနှင့် သက်ဆိုင်ခြင်းမရှိတော့ဘဲ အများနှင့်သက်ဆိုင်သောဘဏ်အဖြစ် ပြောင်းလဲခဲ့ခြင်းဖြစ်သည်။



ကမ္ဘာ့ရတနာဘဏ်သည် ဘဏ်ခွဲပေါင်း(၁၈၈)ခုကို နိုင်ငံအနှံ့ ဖွင့်လှစ်ထားပြီး ရန်ကုန်တွင် ဘဏ်ခွဲပေါင်း (၂၄)ခုအထိရှိကြောင်း သိရသည်။



#TachileikNewsAgency