ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အောင်ဖြူပြင်ရွာကို စစ်ကောင်စီလေတပ်က ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်၍ အရပ်သား(၃)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ 

ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အောင်ဖြူပြင်ရွာကို စစ်ကောင်စီလေတပ်က ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်၍ အရပ်သား(၃)ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိ 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အောင်ဖြူပြင်ရွာကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်၍ အရပ်သား (၃)ဦးသေဆုံးပြီး (၁၄)ဦး ဒဏ်ရာရသည်ဟု ဒေသခံများထံမှ သိရသည်။

၂၀၂၅ခုနှစ် မတ်လ(၂၅)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ဗုံးထိမှန်သေဆုံးသူများမှာ အောင်ဖြူရွာတွင် စစ်ရှောင်နေသည့် ပုဏ္ဏားကျွန်းမြို့၊ လိပ်ကုန်းပြင်ရပ်ကွက်နေ အသက်(၅၃)နှစ်အရွယ် ဦးသန်းမောင် နှင့် ၎င်း၏ ဇနီးဖြစ်သူ အသက်(၄၅)နှစ်အရွယ် ဒေါ်မရီ အပြင် သားဖြစ်သူ အသက်(၁၉)နှစ်အရွယ် ကိုမောင်သက်နိုင်တို့ဖြစ်သည်ဟု သိရသည်။ 

“တိုက်လေယာဉ်တစ်စီးနဲ့ ရွာဘုန်းကြီးကျောင်းကို ပေါင် ၅၀၀ ဗုံးတစ်လုံး ကြဲချတာ။ သေဆုံးသူက (၃)ဦး ရှိတယ်။” ဟု စစ်ဘေးရှောင်နေရသည့် ပုက္ဏားကျွန်းမြို့ခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီလေတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်(၂)နှစ်နှင့် (၁၅)နှစ်အကြား ကလေး(၅)ဦး၊ အမျိုးသား (၂)ဦး၊ အမျိုးသမီး(၇)ဦးတို့လည်း ဒဏ်ရာရရှိ၍ အရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။

စစ်ကောင်စီသည် တစ်နိုင်ငံလုံးတွင် စစ်ရေးရှုံးနှိမ့်နေသဖြင့် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကို တစ်နှစ်ထက် တစ်နှစ် တိုးမြှင့်ကာ လုပ်ဆောင်လာနေခြင်းဖြစ်သလို  ၂၀၂၅ခုနှစ်အတွင်း ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက် လုပ်ဆောင်လာသည်။

အာရက္ခတပ်တော်(AA)သည် ရခိုင်ပြည်နယ်ရှိ မြို့နယ်ပေါင်း(၁၇)မြို့အနက်မှ (၁၄)မြို့ကို သိမ်းပိုက်ထားပြီး စစ်တွေ၊ မာန်အောင်နှင့် ကျောက်ဖြူမြို့တို့တွင် စစ်ကောင်စီတပ်နှင့် စစ်ရေးတင်းမာနေသည်။

#TachileikNewsAgecny