မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်အတွင်းရှိ ဇီးပြားရွာ ရဲစခန်းအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ (မြိုင်) ထံမှ သိရသည်။
၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့တွင် ပေါက်မြို့နယ် ဇီးပြားရွာ ရဲစခန်းအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရော့ကတ် (၂၄) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် စခန်းဗျူဟာကုန်းအတွင်းသို့ ရော့ကတ် (၆)လုံး ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေထိုင်သည့် ကျောင်းအတွင်းသို့ (၄) လုံး ၊ ပျူစောထီး ကင်းများသို့ (၃)လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုများရှိနိုင်ကြောင်း ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ (မြိုင်) က ဆိုသည်။
အဆိုပါ တိုက်ခိုက်မှုအား ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ (မြိုင်) နှင့် မိုးမိတ်တပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency