ကျီးခါးမြို့ ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်ပြီး မြို့ကိုထိန်းချုပ်

ကျီးခါးမြို့ ရဲစခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်ပြီး မြို့ကိုထိန်းချုပ်

ချင်းပြည်နယ် တွန်းဇံမြို့နယ် ကျီးခါးမြို့ကို ချင်းအမျိုးသားတော် လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ် မေလ(၁၉)ရက်နေ့ နံနက်ပိုင်းကစတင်၍ ထိန်းချုပ်ထားပြီဖြစ်ကြောင်း သိရသည်။

ကျီခါးမြို့ရှိ စစ်ကောင်စီရဲစခန်းကို ချင်းအမျိုးသားတော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်နှင့် ZRA အဖွဲ့ဝင်များ ထွက်ပြေးသွားခြင်းကြောင့် လိုက်လံရှင်းလင်းနေသည်ဟု သိရသည်။

"အခုလေးတင်ပဲ ကျီခါးမြို့က စစ်ကောင်စီတပ်စခန်းကို  ချင်းပူးပေါင်းတပ်တွေက မီးရှို့ပြီး မြို့ကိုထိန်းချုပ်လိုက်ပြီ။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်စခန်းက စစ်သားတစ်ချို့ကို တွန်းဇံမြို့ကို ရဟက်ယာဉ်နဲ့ ခေါ်သွားတာတွေရှိတယ်။"ဟု တော်လှန်ရေး ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြောသည်။

စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့၀င်များသည့် ZRA တပ်ဖွဲ့၀င်များနှင့်အတူ မြို့တွင်းအဆောက်အအုံများ၌ နေရာယူ ထားခြင်းကြောင့် တိုက်ပွဲဆက်ဖြစ်နေသည်ဟု သိရသည်။

တိုက်ခိုက်မှုကို CDF-Tonzang၊ CNA၊ CDF-Thantlang၊ PDA (Tedim)၊ CDF CDM-Siyin၊ CDF-Hualngoram၊ YPDF (Yaw)၊ CDF-Asho Chin၊ CDF-Hakha၊ CDF-Zanniatram၊ CDF-Matupi အပါအ၀င် ချင်းပြည်ကောင်စီအဖွဲ့၀င် တော်လှန်ရေးတပ်ဖွဲ့များ ပါဝင်သည်ဟု သိရသည်။

#TachileikNewsAgency