မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ၁၂ ဘီးကားတစ်စီးအား တော်လှန်ရေးအင်အားစုများမှ မိုင်းဆွဲတိုက်ခိုက်

မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ၁၂ ဘီးကားတစ်စီးအား တော်လှန်ရေးအင်အားစုများမှ မိုင်းဆွဲတိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင် မြင်းခြံမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသည့် (၁၂)ဘီးကား တစ်စီးအား တော်လှန်ရေးအင်အားစုများမှ မိုင်းဆွဲတိုက်ခိုက်ကြောင်း ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြင်းခြံ) ထံမှ သိရသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၅)ရက်နေ့ နံနက် (၁၀) နာရီ (၄၅) မိနစ်ခန့်တွင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန်မှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ဆယ့်နှစ်ဘီးကား (၁)စီးအား မြင်းခြံမြို့နယ် ဆီမီးခုံဆိပ်ကမ်း-မြို့သာစက်မှုဇုံ လမ်းမပေါ်ရှိ တဲကြီးရွာနှင့် ရွာသာအေးရွာကြားတွင် တော်လှန်ရေးအင်အားစုများမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုသည် (၁၂) ဘီးကားအား ထိမှန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများကို ဆက်လက်စုံစမ်းနေကြောင်း ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မြင်းခြံ) က ဆိုသည်။

တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား ရွှေဂျိုးဖြူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြင်းခြံ) နှင့် AungSan's Blood Civilians Defense Force (ABCDF) မဟာမိတ်ညီနောင် နှစ်ဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency