မုံရွာမြို့နယ်ရှိ သာစည်ထောင်နှင့် ရဲကင်းကို တော်လှန်ရေးတပ်များတိုက်ခိုက် 

မုံရွာမြို့နယ်ရှိ သာစည်ထောင်နှင့် ရဲကင်းကို တော်လှန်ရေးတပ်များတိုက်ခိုက် 

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် သာစည်ကျေးရွာရှိ သာစည်ထောင်နှင့် ရဲကင်းကို တော်လှန်ရေးတပ်များက လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Snipe Rangers Force ထံမှ သိရသည်။

တော်လှန်ရေးတပ်များက သာစည်ထောင်နှင့် ရဲကင်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့တွင်  (၄၀) မမ၊ (၆၀) မမ၊ (၈၀) မမ၊ (၁၂၀) မမ တို့ဖြင့် ပစ်ခတ်ကာ Drone နှင့် ဗုံးကြဲခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

စစ်ကောင်စီဘက်ကလည်း ထောင်ဝင်းအတွင်းမှနေ၍ ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ 

နှစ်ဖက်တပ်ဖွဲ့အကြား ပစ်ခတ်တိုက်ခိုက်မှု အတွင်းတွင် စစ်ကောင်စီတပ်သည် Snipe Rangers Force ၏ လက်နက်ကြီး ပွိုင့်နေရာကို စီးနင်းသဖြင့် တော်လှန်ရေးတပ်က ပြန်ဆုတ်ခွာလိုက်ရပြီးနောက် ၎င်းနေရာကို လက်နက်ငယ်များဖြင့် ကျားတက်ထိုးပြီး လက်လုပ်လက်နက်ကြီးကို ပြန်လည်ရယူနိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Snipe Rangers Force(Local-PDF)၊ PHOENIX ပြောက်ကျားတပ်ဖွဲ့၊ HERO BROTHER MON YWA L-PDF/BLACK DRAGON၊ မုံရွာ ခရိုင်တပ်ရင်း (၂၇) တပ်ခွဲ (၄)၊ မုံရွာ ခရိုင်တပ်ရင်း (၂၄)တပ်ရင်း ဒုံးတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း (၉) တပ်ခွဲ (၄)၊ ယင်းမာပင်ခရိုင် တပ်ရင်း (၃၀) တပ်ခွဲ(၄)၊ ဒေါင်းပြောက်ကျားတပ်ဖွဲ့၊ Sun king Envoy L-PDF၊ Special Revolution Force ၊ တောကျွဲကြီး၊ ကမြင်းမနီ နယ်စည်းမခြား၊ BLACK HERO L-PDF၊ S.R.S L-PDF၊ MON YWA M4 L-PDF၊ BROTHER Revolution Force MON YWA၊ ပလဖ၊ ကျေးရွာကာကွယ်ရေးအဖွဲ့ ၊ ညောင်ဦးခရိုင် တပ်ရင်း(၁)နှင့် တွေ့မရှောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency