ထိုင်းနိုင်ငံတွင် ကာလတို သင်တန်းတက်နေသူများကို ဘန်ကောက်နှင့် ချင်းမိုင်တွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးတော့မည်မဟုတ်ဟု စစ်ကောင်စီ ထုတ်ပြန်

ထိုင်းနိုင်ငံတွင် ကာလတို သင်တန်းတက်နေသူများကို ဘန်ကောက်နှင့် ချင်းမိုင်တွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးတော့မည်မဟုတ်ဟု စစ်ကောင်စီ ထုတ်ပြန်
စက်တင်ဘာ 12, 2024 | 2021 Military Coup

ထိုင်းနိုင်ငံအတွင်း ကာလတို သင်တန်းတက်နေသူများကို ဘန်ကောက်နှင့် ချင်းမိုင်တွင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးတော့မည်မဟုတ်ကြောင်း စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၁၂)ရက်နေ့တွင် ထုတ်ပြန်သည်။ 

ထိုင်းဘာသာစကားသင်တန်း ကာလတို၊ ဆရာများအတွက် အင်္ဂလိပ်စာသင်တန်း ကာလတို၊ စသည့် သင်တန်းများအား Non-ED ဗီဇာရယူ၍ Virtual Formet ပုံစံဖြင့် တက်ရောက်နေသည့် ကျောင်းသား၊ ကျောင်းသူ များပြားနေသဖြင့် စက်တင်ဘာလ (၁၆)ရက်နေ့ကစတင်ကာ PE Type နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်းအား ဘန်ကောက်နှင့် ချင်းမိုင် ကောင်စစ်ဝန်ရုံးတို့၌ ပြုလုပ်ပေးတော့မည်မဟုတ်ဟု ထုတ်ပြန်သည်။ 

တက္ကသိုလ်များတွင် ဘွဲ့ကြို၊ ဘွဲ့လွန် ကာလရှည် တက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် Primary နှင့် Secondary တက်ရောက်နေသူများကို Passport for Education(PE) လဲလှယ်ခြင်းအား ယခင်အတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency