နွားထိုးကြီးမြို့နယ် ကုက္ကိုဇီးကျေးရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း တပ်စွဲထားသည့် စစ်သားများတိုက်ခိုက်ခံရပြီး နှစ်ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

နွားထိုးကြီးမြို့နယ် ကုက္ကိုဇီးကျေးရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း တပ်စွဲထားသည့် စစ်သားများတိုက်ခိုက်ခံရပြီး နှစ်ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မန္တလေးတိုင်း မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ကုက္ကိုဇီးကျေးရွာဘုန်းကြီးကျောင်းဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးအင်အားစုများက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ပြီး နှစ်ဦးအရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း (NPDF) ထံမှ သိရသည်။

ရန်ကုန်-မန္တ‌လေး အမြန်လမ်းပိုင်း၏ အနောက်ဖက် (၁)မိုင်ခန့် နွားထိုးကြီးမြို့နယ် ကုက္ကိုဇီးကျေးရွာ ဘုန်းကြီးကျောင်းဝန်းအတွင်း တပ်စွဲအထိုင်ချထားသည့် အင်အား (၁၀)ဦးခန့် ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သြဂုတ်လ (၂၉) ရက်နေ့ ညနေ (၃) နာရီဝန်းကျင်တွင် တော်လှန်ရေးအင်အားစုများက ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅) ဦး သေဆုံးပြီး ၊ ဗိုလ်ကြီး ဝေဖြိုးသူ နှင့် တပ်သား လှဖြိုးအောင်တို့အား အရှင်ဖမ်းဆီးရမိကာ ၎င်းတို့ထံမှ MA-5 ပစ္စတို (၂) လက် ၊ MA-1 (၃) လက် ၊ G3 (၁) လက် နှင့် 9 mm အူစီ (၁) လက်တို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Natogyi People Defence Force-မြင်းခြံခရိုင်အမှတ် (၄)တပ်ရင်းနှင့် မြင်းခြံခရိုင် အမှတ်(၁၀)တပ်ရင်းတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency