ထန်းတပင်မြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရ

ထန်းတပင်မြို့နယ်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရ

ပဲခူးတိုင်း ထန်းတပင်မြို့နယ် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ကျေးရွာများအတွင်းနှင့် လုပ်ငန်းခွင်များအတွင်းသို့ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်သည်။

ထန်းတပင်မြို့နယ် ဇရပ်ကြီး တောင်ခြမ်းအုပ်စု ရွာလေးကုန်းကျေးရွာအတွင်းသို့ ဇရပ်ကြီးအခြေစိုက် စစ်ကောင်စီတပ် ခလရ(၇၃) မှ ၂၀၂၄ ခုနှစ် မေလ (၁၃) ရက်နေ့ ည (၉း၄၅) အချိန်ခန့်တွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူ (၄)ဦး လက်နက်ကြီးများထိမှန်သေဆုံးခဲ့ရပြီး အခြားရွာသား (၃)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNUဗဟိုမှ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် KNU ထိန်းချုပ်နယ်မြေများအတွင်းရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးနှင့် ပစ်ခတ်ခြင်း၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏဆိုသလို ပြုလုပ်နေပြီး ပြီးခဲ့သည့် မေလ (၅)ရက်နေ့ကလည်း တောင်ငူခရိုင် ဘဲခလေးခိုကျေးရွာသို့ လေကြောင်းမှ (၅)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

#TachileikNewsAgency