လိပ်သို ခမရ ၆၀၃ ဗဟိုကင်းစခန်းအား တော်လှန်ရေးတပ်က ရှော့တိုက်ဒုံးဖြင့်ပစ် 

လိပ်သို ခမရ ၆၀၃ ဗဟိုကင်းစခန်းအား တော်လှန်ရေးတပ်က ရှော့တိုက်ဒုံးဖြင့်ပစ် 

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်အား တော်လှန်‌ရေးပူးပေါင်းအဖွဲ့က ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၇)ရက်နေ့က တိုက်ခိုက်ကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲထံမှ သိရသည်။

တောင်ပိုင်းစစ်ဒေသ အမှတ်(၂)စစ်ဒေသခွဲ၊ PDF တပ်ရင်း(၃၅၀၂)၊ တပ်မဟာ (၂) တပ်ရင်း (၅)၊ အထူးတပ်ရင်းတို့ပူးပေါင်း၍ လိပ်သိုမြို့ အခြေစိုက် စစ်ကောင်စီတပ် ခမရ(၆၀၃) ဗဟိုကင်းစခန်းအား (၁၁၄)မမ ရှော့တိုက်ဒုံး (၂)လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ ရိက္ခာဂိုထောင်၊မော်တော်ယာဉ်ဂိုထောင်နှင့် မော်တော်ယာဉ် (၃)စီး မီးလောင်ပျက်စီးသွားသည်ဟု ဆိုသည်။ 

ထို့အပြင် စစ်ကောင်စီတပ်သား (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency