ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရ

ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက် သဲကွင်းတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) မှ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၆) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထားဝယ်မြို့ ဆင်ဆိပ်ရပ်ကွက် သဲကွင်းတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သြဂုတ်လ (၂၂) ရက်နေ့ ညနေ (၄)နာရီ ဝန်းကျင်ခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ဆင်ရေးများ အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နေသည့်အတွက် ထားဝယ်ခရိုင်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ရေးသတိပြု သွားလာနေထိုင်ကြရန် ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားသည်။

#TachileikNewsAgency