ကျောက်ပန်းတောင်းမြို့နယ် ကျောက်တံခါးကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးအား PDF ပစ်ခတ်ရှင်းလင်း 

ကျောက်ပန်းတောင်းမြို့နယ် ကျောက်တံခါးကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးအား PDF ပစ်ခတ်ရှင်းလင်း 

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကျောက်တံခါး (မြောက်) ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်းကြောင်း Ah Nyar Myay PDF (KYAUKPADAUNG) အဖွဲ့မှ ၂၀၂၄ ခုနှစ် သြဂုတ်လ (၂၅) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကျောက်ပန်းတောင်းမြို့နယ် ကျောက်တံခါး (မြောက်) ကျေးရွာမှ ပျူစောထီးအဖွဲ့ဝင် ကျေးရွာအုပ်ချုပ်ရေးမှူး ဝင်းအောင်အား သြဂုတ်လ (၂၃) ရက်နေ့ ညနေ (၃) နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပျူစောထီးအဖွဲ့ဝင် ကျေးရွာအုပ်ချုပ်ရေးမှူးသည် ပြည်သူများအပေါ် အနိုင်ကျင့် ၊ ခြိမ်းခြောက်နေသူတဦးဖြစ်ပြီး ၎င်းထံမှ ကျည်ကာအင်္ကျီ(၁) ထည် ၊ စစ်သုံးရေဗူး (၁) ဗူးနှင့် ဓားတစ်ချောင်းတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Ah Nyar Myay People's Defense Force- Kyaukpadaung